နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နှင့် လက်တွေ့ကျသော မဟာဗျူဟာ
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
1M ago
“စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခကို အခြေအနေသစ်တခုဆီ တွန်းပို့လိုက်ပါပြီ။ နွေဦးတော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံရေးအဖြေဟာ ၂၀၂၁ ခုနစ် အာဏာမသိမ်းခင် အခြေအနေမျိုးကို ပြန်သွားနိုင်ရေးဆိုတာမျိုးက မဆီလျော်တော့သလို၊ “စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခမြေပုံနဲ့ ပထဝီနိုင်ငံရေးကို ခွဲမရအောင် ပိုမိုရှုပ်ထွေးစွာ ချိတ်ဆက်လိုက်သလိုဖြစ်ခဲ့ပါပြီ။ “စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ဝေခဲ့တဲ့ နောက်ဆုံးသုံးသပ်ချက်မှာ နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာအကြောင်း ရေးသားဖော်ပြထားတာကို အခု Podcast ..read more
Visit website
တရုတ်လိုလားသော တည်ငြိမ်မှုမျှခြေနှင့် မမျှော်မှန်းနိုင်သည့် အန္တရာယ်
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
1M ago
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက မြှုပ်နှံထားတဲ့ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ “စစ်ဆင်ရေး ၁၀၂၇” ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း (ရှမ်းမြောက်ဒေသ)မှာ တည်ရှိတဲ့အတွက် ဒီစစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။  “စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ဝေခဲ့တဲ့ ဒုတိယမြောက်သုံးသပ်ချက်မှာ စစ်ပွဲနဲ့ ခွဲမရအောင်ချိတ်ဆက်နေတဲ့ စီးပွားရေးဆိုင်ရာတွေအပြင် တရုတ်နိုင်ငံရဲ့တုံ့ပြန်ပုံတွေအကြောင်း ပိုင်းခြားဆန်းစစ်ထားတာတွေကို အခု Podcast ..read more
Visit website
လမ်းများအားလုံး လောက်ကိုင်သို့လား၊ နေပြည်တော်ဆီလား
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
4M ago
‘စစ်ဆင်ရေး ၁၀၂၇’ လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ကျားဖြန့်လိမ်လည်မှုတွေ ပပျောက်ဖို့၊ မိမိတို့ဒေသကို မိမိတို့ အခုထက်ပိုထိန်းချုပ်ဖို့နဲ့ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ဖို့ ဆိုပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့ပတ်သက်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက် သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ အခုတပုဒ်မှာတော့ စစ်ဆင်ရေးနောက်ခံနဲ့ စစ်ပွဲကနေ ပေးနေတဲ့ အချက်ပေးနေပုံအကြောင်း သုံးသပ်ထားချက်တွေကို အခု Podacst ..read more
Visit website
ဆိုင်ကလုနန်းမိုခါ အယ်နီညိုရှေ့ပြေးနှင့် မြန်မာ့ပဋိပက္ခအနာဂတ်
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
11M ago
၂၀၂၃ ခုနှစ် မေ ၁၄ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဗဟိုပြုပြီး ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူဦးရေ ၅ ဒသမ ၄ သန်း ဟာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပါတယ်။ အခုမုန်တိုင်းဟာ ဒီနှစ်မိုးရာသီအတွက် ပထမဆုံးဖြစ်ပေမဲ့ အစွန်းရောက်သဘာဝဘေးအယ်လ်နီညို (El Niño) ရှေ့ပြေးရဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ ယခု Podcast ..read more
Visit website
မြန်မာ့အရေး အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
11M ago
မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေဟာ ရလဒ်ထွက်အောင် မလုပ်နိုင်သေးသလို၊ ယုံကြည်ထိုက်လောက်တဲ့ ကိုးစားခံရမှု အားသာချက်လည်း ကျဆင်းနေပါတယ်။ တချိန်တည်း မှာပဲ မြန်မာ့အကျပ်အတည်းဟာ ပြဿနာပြေလည်ရေးထက် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုအတွက် အသုံးချခံ မြေစာပင် ဖြစ်လာနိုင်တဲ့ အခင်းအကျင်းတွေလည်း ရှိလာပါတယ်။ ဒီအကြောင်း ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက်ကို အခု Podcast ..read more
Visit website
ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
11M ago
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံဟာ ဘယ်အကြောင်းချက်တွေကြောင့် ပြည်တွင်းစစ် တာရှည်နေ သလဲဆိုတဲ့ အကြောင်း  သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast ..read more
Visit website
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
11M ago
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) အဖြစ် ဖော်ပြခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြားက မဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးပြီး အလေးထားဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast ..read more
Visit website
အထိုင်သစ်ပြန်ချလာတဲ့ တရုတ်ရဲ့ မြန်မာ့အရေးမူဝါဒ
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
11M ago
အာဏာသိမ်းမှုအလွန် မြန်မာ့အရေးအကျပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ မူဝါဒ အထိုင်သစ်ပြန်ချလာတာကို တွေ့ရပါတယ်။ တရုတ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒနဲ့ အခြေအနေတွေကို ယခု Podast ..read more
Visit website
ရပ်ဝန်းလမ်းကြောင်း စီမံကိန်းများ အခြေအနေ
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
11M ago
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ယခု Podcast ..read more
Visit website
အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်ဝင်္ကပါထဲ ဇွတ်တိုးဝင်ခြင်း
The Institute for Strategy and Policy – Myanmar
by ISP-Myanmar
11M ago
“ပုံမှန်မဟုတ်သောအခြေအနေ” ဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လသက်တမ်းတိုးပြီး မြို့နယ် ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဟာ စစ်ကောင်စီအနေနဲ့ စစ်၀င်္ကပါထဲကို တိုးဝင်ပြီး ဘယ်လိုနောက် ဆက်တွဲအခြေအနေတွေ ဖြစ်နိုင်တယ်ဆိုတာကို ယခု Podcast ..read more
Visit website

Follow The Institute for Strategy and Policy – Myanmar on FeedSpot

Continue with Google
Continue with Apple
OR